ခုတော့ငါ့ဘေးမှာနင်မရှိတော့
နင်နဲ့ အတူတူရှိခဲ့တုန်းက အပြင်ထွက်တိုင်းပျော်စရာတွေအမှတ်တရတွေအပြည့်ကြည်နူးခဲ့တယ်_
ခုဆိုနင်ထားခဲ့တဲ့အမှတ်တရတွေကို အမှတ်တမဲ့ သတိရနေမိတယ်...
( နင်သိစေချင်လို့ ) _Z!n_I Love You
" အချိန်တိုင်းတော့ မဟုတ်ဘူး "သတိရလို့  ဖုန်းဆက်ဖြစ်တဲ့ အခါ ရန်မဖြစ်ကြေး ............" အချိန်တိုင်းတော့ မဟုတ်ဘူး "အပြင်မှာဆုံတွေ့ ဖြစ်လို့ လျှောက်လည်ကြတဲ့ အခါ စိတ်မကောက်ကြေး ...." အချိန်တိုင်းတော့ မဟုတ်ဘူး "တောင်းတောင်းတတ ရှိလို့  ငါ့ကိုချစ်လားလို့ မေးမိတဲ့အခါ ရွဲ့ စောင်းပြီး ချစ်တယ်လို့ မပြောကြေး .......
ကိုယ့်ချစ်သူအပေါ် အကောင်းဆုံးသစ္စာရှိနိုင်တဲ့ယောင်္ကျားဆိုတာ ကိုယ့်ချစ်သူမဟုတ်တဲ့ အခြားမိန်းမ တယောက် ကဘယ်လောက်ဆွဲဆောင်မှုအားကောင်းနေပါစေစိတ်နဲ့တောင်မဖောက်ပြန်ဘူး ကိုယ့်ချစ်သူ မိန်းခလေးကလွဲပြီး အခြားသောဘယ်မိန်းမနဲ့မှထိတွေ့ဘူးခြင်းမရှိဘူး ကိုယ့်ချစ်သူ အပေါ် အကောင်းဆုံး သစ္စာရှိနိုင်တဲ့မိန်းမဆိုတာလည်းကိုယ့်ချစ်သူမဟုတ်တဲ့ တခြားယောက်ကျား တယောက်က ဘယ်လို အရာ မျိုးတွေ နဲ့ မြူဆွယ်ပါစေ စိတ်မကစားဘူး ဘယ်လောက်အောင်မြင် ဘယ်လောက်ရုပ်ချော ဘယ်လောက် စိတ်ချမ်းသာအောင်ထားနိုင်တဲ့ယောက်ကျားဖြစ်နေပါစေ ကိုယ့်ချစ်သူယောက်ကျားလေး ကလွဲပြီး စိတ်ထဲ မထည့်ဘူး သူစိမ်းယောက်ကျားတယောက်နဲ့ အနေအထိုင် အပြောအဆို ကအစဖြစ်သလိုမနေဘူး
လူတယောက် ကိုချစ်လို့သစ္စာရှိတယ်ဆိုတာသူ့အတွက်တခုတည်းစောင့်ထိန်းခြင်းမဟုတ်ဘူး ကိုယ့်ကိုယ် ကျင့်တရားကို ကိုယ်ကိုယ်တိုင်စောင့်ထိန်ခြင်းတမျိုး သူ့အပေါ်သစ္စာရှိတယ် ဆိုတာကိုယ့်ကိုယ်ကျင့်တရား တန်ဖိုးကိုကိုယ်ကိုယ်တိုင်မြှင့်တင်ခြင်းတမျိုးပဲမလား??
သင်ဟာအပေါ်ကပြောထားသလို တသွေမတိမ်းစောင့်ထိန်းတတ်တဲ့လူလား
အဲဒီလိုဆိုရင်တော့သင့်ချစ်သူအပေါ် သင်ဟာသိပ်သစ္စာရှိတဲ့လူမျိုးပဲ ။ ။
Y Y T နင်သိစေချင်လို့
No comments:
Post a Comment