Thursday, July 25, 2013

ကံကြမ္မာကိုဖန်တီးသူ...............


တချို့လူတွေက...
ကိုယ်ဘယ်လောက် နေချင်တဲ့ နေရာလေးဖြစ်နေပါစေ...
နာကျင်မူကို ဆက်ပြီး မခံစားနိုင်တော့တဲ့ အခါ.........
အဲ့နေရာနဲ့ ဝေးရာကို ထွက်ပြေးဆုံးဖြတ်တက်ကြတယ်။



တချို့လူတွေကျတော့...
ဘယ်လောက်ပဲ နာကျင်မူတွေခံစား နေရပါစေ....
ကိုယ်နေချင်တဲ့နေရာလေးရဖို့ ကျေကျေနပ်နပ်နဲ့..
ဆက်ကြိုးစားရင်း မျှော်လင့်ဖို့ ဆုံးဖြတ်တတ်ကြတယ်။


ဘ၀မှာ နာကျင်ရဆုံး ဆုံးဖြတ်ခြင်းက...
လက်လျော့တော့မှာလား....
ဆက်ပြီး မျှော်လင့်နေအုံးမှာလားလို့...
ခဏခဏ ရွေးချယ်ခိုင်းနေတက်တဲ့ ကံကြမ္မာပဲ.........။

ဒီကံကြမ္မာကို ဖန်တီးပေးနေတာလည်း...
ကိုယ်အရမ်းချစ်နေရတဲ့ သူပဲလေ....................


မင်းအလင်္ကာ

No comments:

Post a Comment