Tuesday, July 23, 2013

"အလွမ်းဇာတ်သိမ်း"



အိပ်မက်တွေ ထုဆစ်ခွင့်မရ
နာကျင်ကြေမွတဲ့ဘဝမှာ
တိတ်တိတ်လေးကြေကွဲ
နေမြဲအတိုင်းလေးပဲ ကောင်းပါတယ်။

ငိုစရာ မျက်ရည်တွေခန်း
အရင်တုန်းက လမ်းတွေမှာ
ပန်းကြွေတွေနဲ့ရော
မောခဲ့ဖူးတာလည်း မင်းသိပါတယ်။

ထားရစ်ခဲ့ ဝေဒနာ
အသေအချာ အဖြေရှာ ကြည့်တော့
လျော့လွန်းတော့ပတ်တဲ့ကြိုး
ထပ်တိုးဖို့လည်း မစဉ်းစားချင်တော့ဘူးလေ

သည်တော့ . . ..
အတိတ်က ဇာတ်လမ်း
သည်မှာပဲ တစ်ခန်းရပ်
အလွမ်းနဲ့ ဇာတ်သိမ်းလိုက်တယ်။

ရင်ခွင်ဦး(ဟံဇား)

No comments:

Post a Comment