Wednesday, July 24, 2013

တကယ်ချစ်တဲ့သူ........................

 
နာကျင်ခြင်းတွေ
မြင့်မိုရ်တောင်လောက်မြင့်မားကြီးထွားအောင်ပေးစေဦးတော့
ကြင်နာခြင်းသာ နှမ်းစေ့လောက်ပေးပါစေ
မြင့်မိုရ်တောင်ကျောပိုးရင်း
နှမ်းစေ့တွေ မြင့်မိုရ်ထက်မြင့်
နင့်အချစ်တွေ ရင့်ကျက်လာသည့်အထိ
ငါ့နှလုံးသားနဲ့တောင့်ခံ
ကမ္ဘာပျက်လဲ နောင်ဆယ်သက်မက
နင့်အချစ်တွေ စုဆောင်းနေမှမှာ
ဒီရင်မှာ ။ ။

လွင်ပြင်လှိုင်းငယ်

No comments:

Post a Comment