Monday, July 29, 2013

"တကယ့် ဥပေက္ခာဆိုတာ "

ဥပေက္ခာ
*******

ဥပေက္ခာရဲ့    သဘောတရားကို မြန်မာလူမျိုးတွေကအဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ် မပြော၊ ဂရုမစိုက် ဘဲနေ တာ ကိုဥပေက္ခာလို့  ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ကရုဏာ ထက်လည်း သာတယ်။ ဥပေက္ခာဆိုတဲ့  သဘောတရားကလူဆိုတာသူ့ ကံနဲ့ သူဖြစ်တာ။ဆဲသွားရင်လည်း  ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့ ။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင် လည်း အော် ဒီကောင်က တော်တယ်၊   ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ၀မ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓါတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။စိတ်ဓါတ်တည်ငြိမ်ပြီးလူကိုလျစ်လျူမရှုဘူး၊လူ့ ရဲ့ အပြုအမူကိုသာလျစ်လျူ ရှုပြီး လုပ်သင့်တာ  လုပ်တယ်။ ဆိုပါစို့  လူတစ်ယောက် အကူအညီ  လိုနေတယ်။    ဒုက္ခရောက်နေ တယ်။ သို့ သော် သူကဆဲပြီးတော့ခိုင်းတယ်၊စိတ်မဆိုးဘူး။လုပ်ပေးတယ်။တစ်ယောက်က ချော့ပြီးတော့ခိုင်းတယ်။ ၀မ်းမသာဘူး လုပ်ပေးတယ်။      အဲဒါ ဥပေက္ခာ။ ၀မ်းသာတယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။ တည်ငြိမ်မှု မရှိတဲ့ သဘောကို ပြနေတာ။ အခု မြန်မာတွေက ဘယ်လို အဓိ ပ္ပါယ် ကောက်လဲ  ဆိုလို့ ရှိရင်တော့     ဥပေက္ခာဆိုတာ  ကိုယ်နဲ့ မတည့်တဲ့သူဒီကောင်မခေါ်မပြောဘဲ  နေ
လိုက်တယ်၊ ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊   စကားလည်းမပြောဘူး၊   သူ့ ဘာမှ မလုပ်ဘူး၊   အဲဒါ ဥပေက္ခာ ဒီလို မဟုတ်ဘူး၊   အဲဒီ ဥပေက္ခာက တစ်မျိုး    ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။     မွန်မြတ်တဲ့ ဥပေက္ခာ ဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာ လုပ် မယ်၊လုပ်သင့်တာကိုလုပ်ပေးတယ်၊စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ဒါမှတကယ့်ဥပေက္ခာပါ။

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ


No comments:

Post a Comment