Wednesday, July 3, 2013

“ပြန်ဆုံပါရစေ”


အတိတ်ခြေရာ ရင်အဝှေ့မှာ
စိတ်ဖြေစရာ ရှာမတွေ့ပါဘူးသခင်။

နာနာကျင်ကျင် မဝေးပဲဝေးမို့
ကြင်ကြင်နာနာ ဆွေးဆဲပါပဲလေ။

ဝေး ဝေးလေသမျှ
တွေး တွေးနေရရင်း
ဆွေး ဆွေးဖြေဘဝ
မရွှင်ရပါဘူး သခင်။

ရင်ထဲအချစ်
ပင်မြဲရစ်မို့
ကျစ်လစ်ခိုင်မာစွာနဲ့
အချစ်သစ် မြိုင်စွာပွင့်ရင်း
ကွေကွင်းရသူဘဝ
ကြွေဆင်းခ မျက်ရေတွေက ထာဝရပါ။

ကျေနပ်ပါတယ် သခင်
ဖြေတတ်စရာကွယ် မမြင်လဲ
လူ့တစ်ခွင် လူ့ဘဝထဲမှာ
နှစ်နှစ်ကာကာ အချစ်
သခင့်ရင်မှာ ဖြစ်ခဲ့လို့
ကျန်ရစ်သမျှ နောက်ဘဝတွေမှာ
ပြန်ချစ်ပါရစေ
ဆုအလှချွေရင်း
ကြွေဆင်းခဲ့တဲ့ မျက်ရေတွေအစား
သခင်ရယ်…
ပြန်ဆုံပါရစေသား…..။ ။


မင်းကြည်ညို

No comments:

Post a Comment