Thursday, July 4, 2013

ပန်း..................


မိတ်ဆွေ
တစ်ပွင့်ပန်းကို
ခူးဆွတ်ပြီးမှတော့
ရူးသွတ်စွာနဲ့
မြတ်နိုးတယ်ပဲပြောပြော
သူ့ရနံ့သင်းသင်းမို့
ခေါင်းမှာဆင်တယ်ပဲဆိုဆို
ပြန်မရမယ့် အခြေတစ်ခုတော့
ပန်းကလေးဘ၀မှာရှိနေလေရဲ့
ရနံ့သင်းသည့်
ပွင့်ဦးပန်းဘဝ
ဘယ်သောခါမှ
အများမော်ဖူး
ပန်းတို့မာန်ဝင့်
ပင်ယံထက်တွင်
ပွင့်လန်းဖို့ခွင့်
သူ့တွင်မရှိတော့ပါလား ......

လွင်ပြင်လှိုင်းငယ်

No comments:

Post a Comment